ဖေဖော်ဝါရီ ၂၉ နှင့် အကိုက်သန်သော ကြမ်းပိုး

armadillo-790350_640

လွန်ခဲ့တဲ့ လေးနှစ် က အကိုက်ခံ ခဲ့ရတဲ့ ကြမ်းပိုးတစ်ကောင် ရဲ့ အကြောင်းပါ။

အခု ကျွန်တော် အလုပ်လုပ် နေတဲ့ ကုမ္ပဏီမှာ Oracle Database ကိုအသုံးများပါတယ်။ Oracle ရဲ့ အသုံးဝင်တဲ့ ဖန်ရှင်ကလေး တစ်ခုက TO_YMINTERVAL တဲ့ ။ ရက်စွဲတစ်ခုကနေ နောက် ဘယ်နှစ်လ ဘယ်နှစ်နှစ် နေရင် ဘာနေ့လဲ ဆိုတာကို တွက်ရင် သုံးကြပါတယ်။ ဥပမာ – ဒီနေ့က ဖေဖော်ဝါရီ ၂၀ရက် ၂၀၁၆ နောင် သုံးနှစ်ဆိုရင် ဘာနေ့လဲလို့ မေးရင် သူက ဖေဖော်ဝါရီ ၂၀ ရက် ၂၀၁၉ ပါလို့ ပြန်ဖြေပါတယ်။ ဒါပေမဲ့ TO_YMINTERVAL ဖန်ရှင်ရဲ့ ကြောင်ကွက်က ဒီနေ့ ဖေဖော်ဝါရီ ၂၉ ရက် ၂၀၁၆ နောင် သုံးနှစ်ဆိုရင် ဘာနေ့လဲလို့ မေးရင် တော့ အဲဒီနေ့ကို မသိဘူးဆိုပြီး စိတ်ကောက်သွားတာ ပါပဲ။

လွန်ခဲ့တဲ့ ၂၀၁၂ ခု ဖေဖော်ဝါရီ ၂၉ ရက်မှာ ကျွန်တော်တို့ ရေးထားတဲ့ စနစ်တစ်ခုက ဒီ ဖန်ရှင် ကြမ်းပိုး ကိုက်ပြီး ရပ်သွားပါလေရော။ ကျွန်တော်တို့လဲ ပရိုဂရမ်တွေကို ချက်ခြင်းပြင်ရ စက်တွေကို ပြန်ပြီး တင်ရနဲ့ တော်တော် အလုပ်ရှုပ် သွားပါတယ်။ ကျွန်တော်တို့သုံးတဲ့ ကြမ်းပိုးအဆင့်ခွဲစနစ် အရ ဒီ ကြမ်းပိုးက အဆင့် နှစ်ရှိတဲ့ ကြမ်းပိုး ဖြစ်နေတာကိုး။

ဒီနှစ်တော့ ကျွန်တော်တို့အဖွဲ့က သက်ဆိုင်သူတွေကို ကြိုတင်တပ်လှန့်ပြီး TO_YMINTERVAL ဖန်ရှင်တွေအားလုံး စနစ်ထဲမှာ လိုက်ရှာပြီး ပြင်ထားပြီးပါပြီ။ ဒါပေမဲ့ လုံးဝတော့ စိတ်မအေးနိုင်သေးပါဘူး။ ဒီ ဖေဖော်ဝါရီ ၂၉ ရက် ကြမ်းပိုးရဲ့ ကိုက်ချက်က အတော်ပြင်းခဲ့တာကိုး။

Advertisements