၂၀၁၂ က ကြမ်းပိုးတစ်ကောင် ရဲ့ အကြောင်းပါ။
Oracle Database ကို သုံးတဲ့သူတွေ အကိုက်ခံရတဲ့ ကြမ်းပိုးတစ်ကောင်ပါ။ Oracle ရဲ့ အသုံးဝင်တဲ့ ဖန်ရှင်ကလေး တစ်ခုက TO_YMINTERVAL တဲ့ ။ ရက်စွဲတစ်ခုကနေ နောက် ဘယ်နှစ်လ ဘယ်နှစ်နှစ် နေရင် ဘာနေ့လဲ ဆိုတာကို တွက်ရင် သုံးကြပါတယ်။ ဥပမာ – ဒီနေ့က ဖေဖော်ဝါရီ ၂၀ရက် ၂၀၁၆ နောင် သုံးနှစ်ဆိုရင် ဘာနေ့လဲလို့ မေးရင် သူက ဖေဖော်ဝါရီ ၂၀ ရက် ၂၀၁၉ ပါလို့ ပြန်ဖြေပါတယ်။ ဒါပေမဲ့ TO_YMINTERVAL ဖန်ရှင်ရဲ့ ကြောင်ကွက်က ဒီနေ့ ဖေဖော်ဝါရီ ၂၉ ရက် ၂၀၁၆ နောင် သုံးနှစ်ဆိုရင် ဘာနေ့လဲလို့ မေးရင် တော့ အဲဒီနေ့ကို မသိဘူးဆိုပြီး စိတ်ကောက်သွားတာ ပါပဲ။
လွန်ခဲ့တဲ့ ၂၀၁၂ ခု ဖေဖော်ဝါရီ ၂၉ ရက်မှာ ဒီ ဖန်ရှင် ကြမ်းပိုး ကိုက်ပြီး Oracle Database စနစ်တွေ ရပ်သွားပါလေရော။ အဲဒီနေ့မှာတော့ ပရိုဂရမ် သမားတွေလဲ ပရိုဂရမ်တွေကို ချက်ခြင်းပြင်ရ စက်တွေကို ပြန်ပြီး တင်ရနဲ့ Oracle Database စနစ်တွေ တော်တော် အလုပ်ရှုပ် သွားပါတယ်။ ဒီ ကြမ်းပိုးက စနစ်တွေ အလုပ်လုပ်တာကို ရပ်အောင်လုပ်နိုင်တဲ့ အဆင့်ထိ အစွမ်းရှိတဲ့ ကြမ်းပိုး ဖြစ်နေတာကိုး။
၂၀၁၆ မှာတော့ သက်ဆိုင်သူတွေက ကြိုတင်တပ်လှန့်ပြီး TO_YMINTERVAL ဖန်ရှင်တွေအားလုံး ကို လိုက်ရှာပြီး ပြင်ထားကြ မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ လုံးဝတော့ စိတ်မအေးနိုင်သေးပါဘူး။ ဒီ ဖေဖော်ဝါရီ ၂၉ ရက် ကြမ်းပိုးရဲ့ ကိုက်ချက်က အတော်ပြင်းခဲ့တာကိုး။
You must be logged in to post a comment.