ဆာလောင်မွတ်သိပ်ပါ။ အရူးထပါ။

၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား တွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း

Steve-Jobs-Stanford-Commencement-Speech

ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ရဲ့ ဘွဲ့ရ မောင်မယ်များ ကို တွေ့ဆုံစကားပြော ခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်း အနား ဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်း သဘင် အခမ်းအနား မှာ ကျွန်တော့ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်း အရှည်ကြီး မဟုတ် ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲပါ။

ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။

Continue reading →

အသဲကွဲပါစေ

၂၀၁၄ ခုနှစ် စတင်းဖို့(ဒ်) တက္ကသိုလ် ဘွဲ့နှင်းသဘင် တွင် ဘီ(လ်) နှင့် မီလင်ဒါ ဂိတ်(စ်) ဖောင်ဒေးရှင်း ၏ ပူးတွဲ ဥက္ကဌ များ နှင့် လူမှုအကျိုးပြု အလှူရှင်ကြီးများ ဖြစ်သော ဘီ(လ်) နှင့် မီလင်ဒါ ဂိတ်(စ်) တို့ပြောကြားခဲ့သော ဘွဲ့နှင်း မိန့်ခွန်း

stanford-graduation_2014_700px_v2

(ဘီ(လ်) ဂိတ်(စ်) မှ မိန့် ခွန်း ကို စပြော ပါ သည်)

ဘီ(လ်) ဂိတ်(စ်) – ၂၀၁၄ ခုနှစ် ဘွဲ့ရမောင်မယ်များ ကို ချီးကျူး ဂုဏ်ပြု ပါတယ်။ (လက်ခုပ်သံများ) ဒီဘွဲ့ နှင်းသဘင်ကို တက်ရောက်ရခွင့်လို့ မီလင်ဒါနဲ့ ကျွန်တော်တို့ အထူးပဲ ဝမ်းမြောက်မိ ပါတယ်။ စတင်းဖို့(ဒ်) တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မိန့်ခွန်းပြောဖို့ ဖိတ်ခေါ်ခံရတဲ့ သူတိုင်း ဝမ်းမြောက်မိမှာပါ။ ဒါပေမဲ့ မီလင်ဒါ နဲ့ကျွန်တော်တို့ အတွက်တော့ ထူးထူးခြားခြား ပိုပြီးတော့ ဝမ်းသာစရာ ဖြစ်ရပါတယ်။

စတင်းဖို့(ဒ်) တက္ကသိုလ်ဟာ ကျွန်တော်တို့မိသားစုရဲ့ အကြိုက်ဆုံး တက္ကသိုလ် အလျင်အမြန် ဖြစ်လာ နေပါတယ်။ မိုက်ကရို ဆော့(ဖ်) နဲ့ ကျွန်တော်တို့ ဖောင်ဒေးရှင်းရဲ့ အကြိုက်ဆုံးတက္ကသိုလ် ဖြစ်နေခဲ့တာတော့ နှစ်ပေါင်းတော်တော်ကြာခဲ့ ပါပြီ။ ကျွန်တော်တို့ အဖွဲ့အစည်း တွေရဲ့ ပုံသေနည်း ကတော့ အတော်ဆုံး၊ ဖန်တီးနိုင်စွမ်း အကောင်းဆုံး သူတွေကို အရေးအကြီးဆုံး ပြသနာတွေကို ကိုင်တွယ်ခွင့် ပေးခြင်းပါ။ ဖြစ် ချင်တော့ အဲဒီလိုတော်တဲ့လူတွေ စတင်းဖို့(ဒ်) တက္ကသိုလ် မှာ အများကြီး ရှိနေတာကို တွေ့ရပါတယ်။ (လက်ခုပ်သံများ)

Continue reading →

အပြာဖျော့ အစက်

Pale Blue Dot

PaleBlueDot

အပြာဖျော့အစက် သည် ကမ္ဘာမှ အဝေးဆုံး စံချိန်တင် မိုင် သန်းပေါင်း ၃,၇၀၀ (ကီလိုမီတာ သန်းပေါင်း ၆,၀၀၀) ခန့် အကွာအဝေး မှ ဗွိုင်ယေဂျာ အမှတ်(၁) အာကာသယာဉ် ၁၉၉၀ ခုနှစ် တွင် ရိုက်ကူးခဲ့သော နေစကြာဝဠာ၏ မိသားစုဓာတ်ပုံများ ပုံတွဲထဲမှ ကမ္ဘာဂြိုဟ်ဓာတ်ပုံ ၏ အမည် ဖြစ်ပါသည်။

ဤဓာတ်ပုံ တွင် မြေကမ္ဘာကို အာကာသ ဟင်းလင်းပြင်ကြီးထဲမှ အစက်ကလေး တစ်စက် အဖြစ်သာ တွေ့မြင်ရပါသည်။

Continue reading →